နတ်လူချစ်သော အစွမ်းထက် ပီယလာဒ်ရွှင် ဂါထာတော်ကြီး

Views: 4146

အစွမ်းထက်သော ပီယဂါထာတော်ကြီး

တက္ကသိုလ် အပန်ငယ်၏အစွမ်းထက်သောဂါထာနှင့်ကိုယ်တွေ့ဖြစ်ရပ်ဆန်းများမှ တင်ဆက်မှဝေပေးပါသည်။

ရန်ကုန်တက္ကသိုလ်တွင်မင်းခေါင်ကျော်ကိုမသိသူမရှိ။ မင်းခေါင်ကျော်ကိုအားလုံးကခင်ချင်ကြသည်။မင်းခေါင်ကျော်တစ်ယောက်ကျောင်းတွင်အရမ်းဆန်းပွင့်သည်ဟုဆိုရမည်။

သူငယ်ချင်းယောက်ျားလေးများ၏ပါးစပ်ဖျားတွင်မင်းခေါင်ကျော်နာမည်သာ မိန်းကလေးများကလည်းမင်းခေါင်ကျော်ကိုချစ်ကြသည် မင်းခေါင်ကျော်ထမင်းထုပ်မပါသည့်နေ့တွင်တကာခံချင်သည့်မိန်းကလေးများရှိသည်။ ယောက်ျားလေးအတန်းဖော်အချို့ကပင် “ဟိတ် ဟိတ်ဒီမှာ အဲလောက်စေတနာကောင်းနေရင် မင်းခေါင်ကျော်မှ မဟုတ်ဘူး ငါတို့ဝယ်ကျွေးလို့ရတယ်”ဟု စနောက်ကျီစယ်ရာ မိန်းကလေးများက

“ငါတို့ကမင်းခေါင်ကျော်ကိုပဲကျွေးချင်တာ”ဟုပင်ပြောင်ပြောရသည်အထိဆန်းပွင့်နေလေသည်။ရုပ်ချော၍လား?ဟုမေးလျှင်လည်းအရပ်ကပုပုk အသားကအမဲမဲ သွားကပါခေါလိုက်သေးသည်။ စာတော်၍လား?ဟုထပ်မံမေးရလျှင်လည်း မင်းခေါင်ကျော်မှာ အတန်းထဲလူ၁၀၀ရှိလျှင် အဆင့်၉၉လောက်မှာရှိပြီးတစ်နှစ်တစ်တန်းအောင်ရန်ပင်မနည်းကြိုးစားရသည်။

သို့သော်တစ်ကျောင်းလုံးကတော့မင်းခေါင်ကျော်နဲ့ရင်းနှီးကျွမ်းဝင်ရသည်ကိုဂုဏ်ယူကြသည်။

ဆရာဆရာမများကလည်းမင်းခေါင်ကျော်ကိုချစ်ကြသည်။

ထိုအချက်ကိုသူငယ်ချင်းများမှမင်းခေါင်ကျော်တွင်အဆောင်ကောင်းရှိရမည်ဆိုပြီးလိုက်လံစုံစမ်းသော်လည်းမအောင်မြင်ခဲ့။

ကျောင်းပြီး၍အလုပ်လျှောက်ရာတွင်သူငယ်ချင်းများစု၍လျှောက်ရာ မင်းခေါင်ကျော်တစ်ယောက်ဦးဦးဖျားဖျားအလုပ်ရသွားပြီး ၅နှစ်အတွင်းရုံးအုပ်ဖြစ်သွားခဲ့သည်၊၊ ကိုယ်ပိုင်ကား၁စီးနှင့်ရုံးမှပေးသောကားတစ်စီးရှိလာပြီးကိုယ်ပိုင်ကားကိုအသုံးမပြု ရုံးကပေးထားသောကားနှင့်သာအလုပ်သွားအလုပ်ပြန်အဆင်ပြေနေသည်။

မင်းခေါင်ကျော်တစ်နေ့ ကျောင်းနေဘက်သူငယ်ချင်းများနှင့်အမှက်မထင်ဆုံရာမှ အိမ်သို့ထမင်းစားဖိတ်လိုက်သည်။

သူငယ်ချင်းများစုံညီစွာလာရောက်ကြပြီး စကားစမည်ပြောဆိုကြသည်။စကားပြောပြီးအတန်ကြာ မင်းခေါင်ကျော်မှ သူငယ်ချင်းငါအခုလိုတိုးတတ်အောင်မြင်နေတာ ဘာကြောင့်လို့ထင်လဲဟုမေးလိုက်ရာအားလုံးကထိုလျို့ဝှက်ချက်ကိုသိရှိလိုကြောင်းမိမိတို့သူငယ်ချင်းများစုပေါင်း၍ဖော်ထုတ်ကြသော်လည်းမအောင်မြင်ကြောင်းမင်းခေါင်ကျော်အားဝန်ခံပြောပြကြသည်။

မင်းခေါင်ကျော်ကဟိုးယခင်ကမင်းခေါင်ကျော် ကိုခင်တွယ်မည့်သူဟူ၍မရှိခဲ့ ဆင်းရဲနုံချာလှပြီးမိခင်ကိုလုပ်ကျွေးရသည့်သားတစ်ဦးဖြစ်ကြောင်း။မင်းခေါင်ကျော်ကိုအဖက်လုပ်မည့်သူမရှိခဲ့။မင်းခေါင်ကျော်မှာရပ်ကွက်ထိပ်က တရုတ်လင်မယားဆိုင်တွင်ဈေးဝယ်ရင်းကတရုတ်သူဌေးလင်မယားနှင့်ခင်မင်ရင်းနှီးခဲ့ရာတရုတ်သူဌေးလင်မယားတွင်သားသမီးမရှိသည့်အလျှောက် မင်းခေါင်ကျော်ကိုသားတစ်ယောက်လိုချစ်သည်။မင်းခေါင်ကျော်ကလည်းအားရင်အားသလိုသွားရောက်ကူညီလုပ်ကိုင်ပေးသည်။ မင်းခေါင်ကျော်အားမုန်ဖိုးပေးသည်။

အဝတ်အထည်များဆင်ပေးပြီးတက္ကသိုလ်တတ်နိုင်ရန်ထောက်ပံ့ပေးခဲ့ခြင်းဤမှသာရှိခဲ့ကြောင်းမင်းခေါင်ကျော်တွင်နားခိုရာအုပ်စုတစ်ခုသာရှိခဲ့ကြောင်းရပ်ကွက်အတွင်းဝါတွင်းကာလဥပုဒ်နေ့များတွင်ဓမ္မာရုံရှိဆွမ်းကြီးခံ အဖွဲ့ဖြစ်သာဖြစ်ကြောင်းကိုရှင်းပြသည်။

တနေ့မင်းခေါင်ကျော်ဆွမ်းကြီးခံ၍ပြန်လာရာမှ ဆွမ်းခွက်ငယ်များဆေးကြောကုသိုလ်ယူနေစဉ်နောက်ကျောဘက်မှဘုန်းတော်ကြီးတစ်ပါးမှာ “သာဓု …သာဓု…သာဓု… ဝေယျာဝစ္စကုသိုလ်ယူတဲ့ဒကာလေးကိုဦးဇင်းလက်ဆောင်ပေးပါရစေ”ဟုဆိုကာ လက်လေးသစ်မျှရှိသောစာအုပ်အဝါလေးကိုထုတ်ယူပြီးပေးခဲ့တယ်

ဂါထာတော်မှာတိုသော်လည်းအနက်အဓိပ္ပါယ်ဖွင့်ဆိုချက်၊အကျိုးကျေးဇူးများအပါ၉မျက်နှာခန့်ရှိပြီးဂါထာတော်နာမည်ကို မင်းခေါင်ကျော်တစ်ယောက်တစ်ခါမှမကြားဖူးပေ။

ထို့နောက်မနက်၉ခေါက် ည၉ခေါက်ရွတ်ဖက်ရာမှ ယခုလိုအခြေအနေဖြစ်ကြောင်းပြောပြခဲ့သည်။

ထိုဂါထာတော်လေးကိုရွတ်ဖက်ခြင်းဖြင့်

ဝိဇ္ဇာဇော်ဂျီ တပ္ပသီနှင့် ထွက်ရပ်ပေါက်ပုဂ္ဂိုလ်များချစ်ခင်စောင့်ရှောက်ခြင်း မယ်တော်အပေါင်း ဒေဝီအပေါင်းတို့၏ချစ်ခင်စောင့်ရှောက်ခြင်းယောက်ျားအခြွေအရံ ၊မိန်းမအခြွေအရံစသည်တို့ပေါများခြင်း

မည်သည့်မြို့အတွင်းဖြစ်စေ မည်သည့်ရွာအတွင်းဖြစ်စေ မည်သည့်နိုင်ငံအတွင်းဖြစ်စေရွှေငွေဥစ္စာများတိုးတတ်ပျံ့ပွားဝေဆာခြင်း ရှေးဟောင်းကံအပေါင်းတို့ အကျိုးအကျိုးပြုခြင်းစသည့်ကောင်းကျိုးများခံစားရစေပါတယ်။

ဂါထာတော်မှာ ဧဟိမိတ္တံ ဂါထာပျံပင်ဖြစ်သည်။ဂါထာတော်မှာရှေးဟောင်းဂါထာတော်ဖြစ်၍အဓိပ္ပါယ်ဖွင့်ဆိုရန်မလွယ်သောကြောငွဂါထာပျံအနေနှင့်မဟုတ်သော်လည်းရိုးရိုးဧဟိမိတ္တံဂါထာအဖြစ်နှင့်လည်းပူဇော်နိုင်ပါသည်။စစ်ပြီးခေတ်ကာလတွင်ဧဟိမိတ္တံဂါထာ-ရိုးရိုး (ဝိသာခါဂါထာတော်-အခြွေအရံ ပေါများစေသောဂါထာ)စသည်ဖြင့်ကျော်ကြားပါသည်

” ဧဟိမိတ္တံဂါထာပျံ ”

ဧဟိမိတ္တံ ဧဟိပုညံ ယထာယာစိ ကတံဖလံ ၊ဧဟိနန္ဒာ ပိယာပုတ္တာ ပိယာသီရိ ပိယာပိယာ

သုဝဏ္ဏဟရ ဒွေဖလံ အရဟံ ကာယမနသိမ ၊ မမတ္တာယ သဟဿ ပရိဝါယာရ ၊ ဝိသာခါယ ဗောဓိသတ္တာယ သဗ္ဗနဂရေ သဗ္ဗဂါမေ ၊ သဗ္ဗဇနာနံ သဗ္ဗစိတ္တ သဗ္ဗလာဘံ ဘဝတိ မမသန္တိကေ ဧဟိဧဟိ

သြောင်း ဗုဒ္ဓံဝါ ဓမ္မံဝါ သံဃံဝါ ၊ ရာဇိ ရာဇဿ ကုမာရိကုမာရဿ အရဟံ ၊ သဗ္ဗယုတ္တံ သွာဟယ်ယျကပ်

အဃောရံ အဃောရ ရူပေန သိရသာ ဗုဒ္ဓဝန္ဒနာ ၊ သဗ္ဗဒုက္ခာ အဟံမုဉ္စာ အဃောရာဇာ အနုမောဒနာ။

ဧဟိမိတ္တံ ဂါထာရိုးရိုး (အဓိပ္ပါယ် ဖွင့်)

ဧဟိမိတ္တံ ဟိတံပုညံ ၊ ယထာယာစိ ကတံဖလံ ၊ ဧဟိနန္ဒာ ပိယာပုတ္တာ ၊ ပိယာသီရိ ပိယာပိယာ ၊ သြောင်း သုဝဏ္ဏ ဟရ ဒွေ ဖလံ ၊သြောင်း ကာယ မနသိ မာမတ္ထာယ ၊ သဟဿ ပရိဝါရာယ ၊ ဝိသာခါယ ဗောဓိသတ္တာယ

သဗ္ဗနဂရေ သဗ္ဗဂါမေ ၊ သဗ္ဗဂေဟေ သဗ္ဗဇနာနံ ၊ သဗ္ဗလာဘ မိတ္တံ ဘဝန္တု ၊ မမ သန္တိကေ ဧဟိဧဟိ။။

မိတ္တံ လူနတ်စုပေါင်း အဆွေခင်ပွန်းကောင်းသည် ၊ ဧဟိ ယခုအခါ လာလှည့်ပါလော့

ဟိတံ လောကီလောကုတ် အဟုတ်ကျိုးများ အစီးအပွားဖြစ်သော ၊ ပုညံ ဖြူစင်မှန်လှ ဒါနသီလ စသည်ပြုကြောင်း ကုသိုလ်အပေါင်းကို ကတံ ခုရောနောင်ခါ ပြုလုပ်အပ်ပါပြီ

ဖလံ ရှေးနှင့်ခုပြု ကောင်းမှု့အကျိုး တန်ခိုးအာနိသင်ကို ၊ ယာစိ ယခုအခါ ဖြစ်လာပါရန် တောင်းပန်အပ်ပါ၏

နန္ဒာ စိတ်လိုဖြည့်တတ် နှစ်သက်အပ်ကုန်သော ၊ ပိယာ စိတ်နှလုံးကို ရွှင်ပြုံးထပ်ထပ် ချစ်ခင်အပ်ကုန်သော

သီရိ ကောင်းကျိုးထွေထွေ ဘုန်းကျက်သရေတို့သည် ၊ဧဟိဧထ မြန်စွာမုချ လာလှည့်ကြကုန်လော့ ၊ ပိယာပိယာ စိတ်လိုဖြည့်တတ် အလွန်ချစ်ခင်အပ်ကုန်သော ၊ သုဝဏ္ဏံ ရွှေ ငွေအဖြာဖြာ ရတနာကို

သြောင်း ဟရ မနှေးကြည်ဖြူ အောင်မြင်စွာ ဆောင်ယူခဲ့လော့ ၊ ဒွေ နှစ်ပါးကုန်သော ၊ ကာယမနသီ ကိုယ်စိတ်နှလုံးတို့၌ ၊ မာမတ္တာယ ချမ်းသာပွားတိုး မြတ်နိုးခြင်းအကျိုးငှာ

ဖလံ ပူဇော်ဖြာဖြာ ကျိုးများစွာကို ၊သြောင်း ဟရ မနှေးကြည်ဖြူ အောင်မြင်စွာ ဆောင်ယူခဲ့လော့ ၊ သဟဿပရိဝါရာယ အထောင်မက အခြွေအရံနှင့်တကွ

ဝိသာခါယ ပုဗ္ဗာရုံကျောင်းအမ ဝိသာခါ ဒါယိကာမ၌လည်းကောင်း ၊ ဗောဓိသတ္တာယ သုံးဘုံကျော်ကြား ဘုရားအလောင်းတော် ၌လည်းကောင်း ၊ ပိယာယထာ ချစ်သူခင်သူ ကြည်ဖြူလွန်တိုး မြတ်နိုးကြသကဲ့သို့

တထာ ဝတ္ထုစေတနာ ထို့အတူသာလျှင် ၊ မေ ကောင်းကျိုးအားထုတ် ကျွန်ုပ်အား ၊သဗ္ဗနဂရေ လုံးစုံများစွာ မြို့တကာ၌လည်းကောင်း

သဗ္ဗဂါမေ လုံးစုံများစွာ ရွာတကာ၌လည်းကောင်း ၊သဗ္ဗဂေဟေ လုံးစုံများစွာ အိမ်တကာ၌လည်းကောင်း ၊ သဗ္ဗဇနာနံ ခပ်သိမ်းဥဿုံ အလုံးစုံကုန်သော နတ်လူတို့၏

ပိယံ သဒ္ဓါပွားတိုး ချစ်ခင်မြတ်နိုးခြင်းသည် ၊ ဘဝန္တု နှစ်သက်စုပုံ ဖြစ်ကြပါစေကုန်သတည်း

သဗ္ဗလာဘမိတ္တံ လူစုံများစွာ လာဘ်ရတနာ အဆွေခင်ပွန်းကောင်းများစွာသည် မမသန္တိကေ ကောင်းကျိုးအားထုတ် အကျွန်ုပ်၏အထံသို့ ၊ဧဟိဧဟိ နှစ်သက်ရွှင်စွာ လာလှည့်ပါလော့။

အံဖွယ်ထူးခြား ဂါထာတော်များ

Comments: 0

Your email address will not be published. Required fields are marked with *