ဧရာကမ်းခြေသစ်
ဧရာဝတီတိုင်း ဖျာပုံခရိုင် ဘိုကလေးမြိုနယ်ထဲမှာ ဧရာကမ်းခြေ လို့ခေါ်တဲ့ ကမ်းခြေတစ်ခုပေါ်ထွက်လာပါပြီ။ သဘာဝအတိုင်းရှိနေသေးတာမို့ ပင်လယ်ကမ်းခြေ အရိုင်းမလေး ပဲ ရှိနေပါသေးတယ်။ ကမ်းခြေ(၃)မိုင်ခန့်ရှည်လျားပါတယ်။ နာဂစ်မုန်တိုင်းသင့် ခဲ့တဲ့ ဒေသလည်း ဖြစ်ခဲ့ပါတယ်။ ယင်းကမ်းခြေကို ၂၀၁၇ ဧပြီလလောက်က စတင်ဖွင့်ခဲ့တာလည်း ဖြစ်ပါတယ်။ မိုးတွင်းကာလ လမ်းတွေ ပျက်ခဲ့ပြီး ယခုအခါ ကားသွားနိုင်ဖို့အတွက် လမ်းများပြုပြင်ရအုံးမည် ဖြစ်ပါတယ်။ ရန်ကုန်မြို့ လှိုင်သာယာ ဒဂုံဧရာအဝေးပြေးဝန်းကနေပြီး ပွင့်သစ်နိုင်၊ နိုင်အောင်ကျော် စတဲ့ အဝေးပြေးကားလိုင်းများနဲ့ ဘိုကလေးမြို့ကို သွားရပါမယ်။ ဒလမြို့ကနေလည်း ရွှေဧရာ၊ မင်းဖြိုးမောက် စတဲ့ လိုင်းကားများထွက်ပြီး ၃ နာရီလောက် မောင်းရင် ဘိုကလေးကို ရောက်ပါတယ်။ ဘိုကလေးမြို့ (၅) ရပ်ကွက် မြသီးဆိပ် မှ သီဟဇော် ၊ အာကာထွန်းစတဲ့ မော်တော်များ ကို မနက်စောစော စီးပြီးသွားနိုင်ပါတယ်။ နေလည်ပိုင်းမှာလည်း ရှပ်ပြေးယဉ် တစ်စီးထွက်ပါတယ်။ မော်တော်နဲ့ဆို ၆ နာရီလောက် စီးရမှာ ဖြစ်ပြီး ရှပ်ပြေးနဲ့ဆို ၄ နာရီလောက် စီးရမှာဖြစ်ပါတယ်။
ဧရာကျေးရွာအုပ်စုမှာ အိမ်ခြေ(၂၀၂၃)ခန့်ရှိပြီး ဧရာရွာမမှာတင် အိမ်ခြေ(၈၅၀) လောက်ရှိပါတယ်။ ကျေးရွာခွဲပေါင်း(၁၁)ရွာနှင့်ဖွဲ့စည်းထားပါတယ်။ အထက(ခွဲ)တစ်ကျောင်းနှင့် အမကကျောင်း(၁၁)ကျောင်း ၊မူလွန်(၁)ကျောင်း ရှိပါတယ်။ ရွာမတွင် (၄၂၀၀)ခန့်လောက်နေထိုင်ကြပြီး အခြားကျေးရွာခွဲတွေမှာ လူဦးရေ(၅၀၀၀)နီးပါခန့်နေထိုင်ကြတာဖြစ်လို့ စုစုပေါင်း လူဦးရေ စုစုပေါင်း (၉၂၅၃)ဦးခန့် ရှိတာဖြစ်ပါတယ်။ အဓိကစီးပွားရေးက ရေလုပ်ငန်းဖြစ်ပြီး အုန်းသားလုပ်ငန်း နဲ့ လယ်လုပ်ငန်းများလည်းလုပ်ပ်ကိုင်ကြပါတယ်။ ငါးဖမ်းစက်လှေ ကြီးတွေနဲ့ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်ကြတဲ့ စီးပွားရေးလုပ်ကိုင်ကြသူတွေရှိသလို တစ်နေ့ စာ တစ်နေ့  ရှာဖွေစားသောက် ကြရတဲ့ ပင်လယ် ဂုံး ကောက်သူတွေလည်း ရှိနေကြပါတယ်။ လျှပ်စစ်မီးမရရှိသေးသော်လည်း ကျေးရွာကမီးစက်မောင်းထံမှ မီးတစ်ပွင့်တစ်ရာနေ့စဉ်သုံးစွဲနေကြရပါတယ်။
အခြားစိတ်ဝင်စားစရာနေရာတွေလည်း ရှိပါသေးတယ်။ မြတ်သဲလွန် စေတီတော်ကိုလည်း ဖူးမျှော်နိုင်ပါတယ်။ ပင်လယ်ထဲသို့ ထိုးထာတဲ့ တံတားကြီးကိုလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ ရွှေဧရာကမ်းခြေ(၅၂၈)ဘန်ကလို ကို လာမည့် ၂၀၁၈ခုနှစ်ဇန်နဝါရီ(၃၀/၃၁)နေ့မှာ ဖွင့်ပွဲရှိတယ်။ အပျော်စီး ရေယာဉ် လည်း ပါဝင်မှာ ဖြစ်ပါတယ်။
ဘိုကလေးကနေပြီး မျောက်တစ်ရာကျွန်း နဲ့ မိန်းမလှကျွန်း ကို သွားနိုင်ပြီး အဲဒီနေရာတွေက တဆင့်ဧရာကမ်းခြေ လာနိုင်ပါသေးတယ်။
ဓါတ်ပုံ – ကိုဌေးအောင် နဲ့ အခြား