Breaking news
art-connector

Art Connector မှာ မထိုင်စေချင်

Views: 587

စင်္ကာပူမြို့လည်ခေါင်မှာ ရှိတဲ့ မြန်မာတွေ သွားလေ့ရှိတဲ့ ပင်နီဆူလာပလာဇာ အနီးက စိန့်အင်ဒရူးဘုရားကျောင်း နဲ့ The Adelphi Lifestyle Mall ကြားက Coleman St ပေါ်မှာ ART CONNECTOR လိုခေါ်တဲ့ နေရာလေး တစ်ခုရှိပါတယ်။ အဲဒီနေရာကို National Gallery Singapore က စီစဉ်ပြီး စင်္ကာပူနှစ်ငါးဆယ် အထိမ်းအမှတ် အဖြစ် Portraits of the people ဆိုပြီး စင်္ကာပူနိုင်ငံသားတွေရဲ့ ပုံတူတွေကိုကြေးပြားပေါ်မှာ ပုံဖေါ်ထားပြီး ခင်းကျင်းပြသထားပါတယ်။ ထိုကြေးပြားတွေကို လမ်းဘေးတွင် ခုံများသဖွယ်လုပ်ပြီး လမ်းသွားရင်း လူအများကြည့်ရှုနိုင်အောင် စီစဉ်ထားပါတယ်။ ထို Art Connector ကို အမိုး မိုးပေးထားပါတယ်။ စင်္ကာပူနိုင်ငံရဲ့ National Pledge ကို လည်း အင်္ဂလိပ်၊ မလေး၊ တရုတ်၊ တမီးလ် လေးဘာဖြင့် ရေးထားထားပါတယ်။ art connector မှာ ရှိတဲ့ စင်္ကာပူနိုင်ငံသားတွေရဲ့ပုံတွေကို www.portraitsofthepeople.sg ဆိုတဲ့ ဝက်ဆိုဒ်မှာသွားပြီး မည်သည့်ပုံက မည်သူဆိုတာကို နာမည်ကို ရိုက်ပြီး ရှာဖွေနိုင်သလို ပုံလေးတွေကို ထောက်ပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။ အဲဒီပုံလေးတွေမှာ သူတို့ တစ်ဦးချင်းစီက ပြောထားတာတဲ့ မှတ်ချက်တွေကို တွေနိုင်ပါတယ်။ စီးတီးဟော MRT ကနေ စင်္ကာပူမြို့တော်ခန်းမက National Gallery Singapore ကို သွားတဲ့သူတွေ လမ်းမှာ ကြည့်ရှုနိုင်အောင် ပြသထားတဲ့ walkway connector ဖြစ်ပါတယ်။ မြန်မာတွေအများစု ဟာ စနေ နှင့် တနင်္ဂနွေနေ့တွေမှာ ပင်နီဆူလာပလာဇာကို လာကြပါတယ်။ လာကြရင် အနီးအနားနေရာတွေမှာ သူငယ်ချင်းတွေ စုပြီး ထိုင်ကြ စကားပြောကြလေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာ အဲဒီ art connector က ပုံတွေပေါ်မှာ ထိုင်မိကြပါတယ်။ ဒါကို ဒီလို မဖြစ်စေချင်တဲ့အကြောင်း ကိုကျော်မိုးမင်း က ပြောပြထားပါတယ်။