မြန်မာအင်ဂျင်နီယာအသင်း (စင်္ကာပူ) chapter အသစ်ဖွင့်လှစ်နိုင်ဖို့ ကြိုးစား
စင်္ကာပူနိုင်ငံရောက် မြန်မာအင်ဂျင်နီယာတွေဟာ မြန်မာအင်ဂျင်နီယာအသင်း (စင်္ကာပူ) chapter အသစ်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့က စင်္ကာပူသို့ ရောက်ရှိနေကြသော မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း ဥက္ကဌ ဦးအောင်မြင့် နှင့် အထွေထွေအတွင်းရေးမှူး ဦတင်လတ်တို့ ဦးဆောင်သည့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း (စင်္ကာပူ) ဖြစ်မြောက်ရေး အဖွဲ့ဝင်များသည် မြန်မာသံရုံး စင်္ကာပူ သို့ သွားရောက်ပြီး တင်ပြညှိနှိုင်းတိုင်ပင် ခဲ့ကြပါတယ်။ မြန်မာသံရုံးဘက်မှ Deputy Chief of Mission / သံအမတ် ဦးဝင်းမြင့် ဦးဆောင်သည့် တာဝန်ရှိသူများက လက်ခံတွေ့ဆုံပြီးတတ်စွမ်းသမျှ အားပေးကူညီပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပါတယ်။
ယင်းတွေ့ဆုံပွဲ အပြီးတွင် မြန်မာအင်ဂျင်နီယာအသင်း ဥက္ကဋ္ဌ ဦးအောင်မြင့် ၊ အထွေထွေအတွင်းရေးမှူး ဦးတင်လတ် နှင့် စင်္ကာပူဘက်က ဖြစ်မြောက်ရေး ကြိုးပမ်းသူ ဦးတင်စိုး တို့ကို အကျိုးအကြောင်း တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
Singapore မှာရောက်ရှိနေ မြန်မာအင်ဂျင်နီယာများအတွက် အကျိုးရှိစေမည့် အစီအစဉ်များအပြင် မြန်မာနိုင်ငံဘက်ကိုလည်း အကျိုးပြုစေနိုင်မဲ့ ကိစ္စများ လုပ်ဆောင်နိုင်ရန် MES-Singapore Chapter ဖြစ်မြောက်ရေးမှာပါဝင်ကူညီ ကြဖို့ စင်္ကာပူမှာ လက်ရှိ Engineering လုပ်ငန်းများနှင့်ဆက်စပ်လုပ်ကိုင်နေသူအားလုံးကို MES-Singapore Chapter ဖြစ်မြောက်ရေးကော်မတီကိုယ်စား ဖိတ်ခေါ်အပ်ပါတယ်။